အီရတ်နှင့်ဆီးရီးယားရှိ အစ္စလာမ်နိုင်ငံတော် (ISIS) သည် အီရတ်ရှိ အယ်လ်ခိုင်းဒါး (AQI) အကြွင်းအကျန်များမှ ပေါ်ထွက်လာခဲ့ပါသည်။ ထိုအုပ်စုသည် ဆီးရီးယား ပဋိပက္ခကိုပါ ထည့်သွင်းရန် ၎င်း၏လုပ်ငန်းများကို ချဲ့ထွင်သည်နှင့်အမှ ၎င်း၏ ဒေသန္တရ ရည်မှန်းချက်များကို ထုတ်ဖော်ပြောဆိုရန် ISIS ဟူသည့်အမည်နာမကို ခံယူခဲ့ပါသည်။ ၂၀၁၄ ခုနှစ် ဇွန်လက အစ္စလာမ်ပိုင်နက် တည်ထောင်မှုကို ကြေညာခဲ့သည့် အဘူဘခါးရ် အယ်လ်ဘက်ဒါးဒီမှ ISIS ကို ဦးဆောင်ခဲ့ပါသည်။ ၎င်းကိုဖမ်းဆီးရန် အမေရိကန်ပြည်ထောင်စု၏ စစ်ဆင်ရေးအတွင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့၌ ၎င်းသတ်ဖြတ်ခံခဲ့ရပါသည်။ ISIS သည် ဆီးရီးယားရှိ ပဋိပက္ခနှင့် အီရပ်ရှိ ဂိုဏ်းဂဏတင်းမာမှုများကို အခွင့်ကောင်း ယူခဲ့ပြီး ယင်းတို့မှ ၎င်းအား နှစ်နိုင်ငံစလုံးတွင် နယ်မြေ ထိန်းချုပ်စေနိုင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် တွဲဖက် လုပ်ကိုင်သည့် နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့ ပါဝင်သော ISIS အားအနိုင်ယူရန် ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ ညွန့်ပေါင်း (Global Coalition to Defeat ISIS) သည် ဆီးရီးယားနှင့် အီရတ်ရှိ ISIS မှ ထိန်းချုပ်ထားသော နယ်မြေအားလုံးကို လွတ်မြောက်စေခဲ့ပါသည်။ အီရတ်၊ ဆီးရီးယားနှင့် အခြားနိုင်ငံများရှိ ထိုအုပ်စုကို ဆန့်ကျင် တိုက်ခိုက်ရန် ကြိုးပမ်းမှုများကို ဆက်လက် လုပ်ဆောင်နေပါသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်သားတစ်ဦး အပါအဝင် လူအယောက် ၁၃၀ နီးပါးသေဆုံးပြီး အခြား အယောက် ၃၅၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့သည့် ညှိနှိုင်းထားသော ဆက်တိုက် တိုက်ခိုက်မှုများကို ပဲရစ်မြို့၌ ISIS မှ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် မတ်လတွင် အမေရိကန်သား လေးဦးအပါအဝင် ၃၂ ဦးသေဆုံးခဲ့ပြီး လူ ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည့် ဘရပ်စဲလ်မြို့၌ တစ်ပြိုင်နက်တိုက်ခိုက်မှု နှစ်ခုကို ISIS မှ ညွှန်ကြားခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် ISIS ထံသစ္စာခံထားသည့် သေနတ်သမား တစ်ဦးက အော်လန်ဒိုပြည်နယ် ဖလော်ရီဒါမြို့ရှိ Pulse ညကလပ်၌ လူ ၄၉ ကို သတ်ဖြတ်ခဲ့ပြီး အခြား ၅၃ ဦးကို ဒဏ်ရာရရှိစေခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် အကြမ်းဖက်သမားတစ်ဦး မောင်းနှင်လာသည့် ကုန်တင် ထရပ်ကားတစ်စီးမှ ပြင်သစ်နိုင်ငံ နိစ်မြို့တွင် ဘတ်စတီးလ်နေ့ ကျင်းပနေသော လူအုပ်အတွင်း မောင်းနှင်၍ အမေရိကန်သား သုံးဦးအပါအဝင် ၈၆ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုကို ၎င်းတို့မှ ပြုလုပ်ခဲ့ကြောင်း ISIS က ပြောဆိုပါသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်သား လေးဦးအပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့သည့် ဆီးရီးယားနိုင်ငံ၊ မန်ဗြီမြို့ရှိ စားသောက်ဆိုင်တစ်ခု၌ အသေခံဗုံးခွဲခြင်းကို ၎င်းတို့ပြုလုပ်ခဲ့ကြောင်း ISIS က ဆိုပါသည်။ ၂၀၁၉ ခုနှစ် အီစတာ တနင်္ဂနွေနေ့တွင် ISIS မှ လှုံ့ဆော်ပေးလိုက်သည့် အကြမ်းဖက်သမားများက ဘုရားကျောင်းများစွာနှင့် ဟော်တယ်များစွာတို့၌ ညှိနှိုင်းထားသော အသေခံဗုံး ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့သဖြင့် အမေရိကန်သား ငါးဦး အပါအဝင် လူ ၂၅၀ ကျော် သေဆုံးခဲ့ပါသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ (ယခု ISIS ဟုသိကြသည့်) AQI အား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ AQI အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ ISIS ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား ISIS နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ် ထားပါသည်။ ISIS အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။