“အဘူးနီဒါးလ်အဖွဲ့အစည်း (Abu Nidal Organization –ANO) ကို ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့အစည်း (Palestine Liberation Organization) မှ ခွဲထွက်ပြီးနောက် ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ANO သည် အစ္စရေးအား ရှင်းလင်းပစ်ရေးအတွက် ထောက်ခံပြောဆိုခဲ့ပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံသည့် သံတမန်ရေး ကြိုးပမ်းချက်များကို နှောင့်ယှက်ရန် ကြိုးပမ်းခဲ့ပါသည်။ TWA လေယာဉ်အမှတ် ၈၄၀ (hyperlink) ဗုံးဖောက်ခွဲမှုနှင့် Pan Am လေယာဉ်အမှတ် ၇၃ ပြန်ပေးဆွဲမှု (hyperlink) အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှု အများအပြားအတွက် ဤအုပ်စု၌ တာဝန်ရှိပါသည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ANO အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်း (FTO) အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနသည် ANO အား FTO အဖြစ် သတ်မှတ်ခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။”