၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင် ထိုစဉ်က အီရတ်ရှိ အယ်ခိုင်းဒါး (AQI) ခေါင်းဆောင် အဘူဘခါး အယ်လ်ဘက်ဒါးဒီမှ ANF ခေါင်းဆောင် မူဟာမက် အယ်လ်ဂျော်လာနီအား အကြမ်းဖက် ကလာပ်စည်းများ ဖွဲ့စည်းရန် ဆီးရီးယားသို့ စေလွှတ်ခဲ့စဉ်က အယ်လ်နပ်စရာ တပ်ဦး (Al-Nusrah Front –ANF) ကို ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၃ ခုနှစ်ဧပြီလတွင် အယ်လ်ဂျော်လာနီသည် AQ ခေါင်းဆောင် အိုင်မင်အယ်လ် ဇဝါဟီရီထံ သစ္စာခံခဲ့ပါသည်။ ANF သည် AQI မှခွဲထွက်ခဲ့ပြီး သီးခြားအဖွဲ့အစည်းတစ်ု ဖြစ်သွားပါသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ANF သည် ဟယတ်တရီးရ် အယ်လ်ရှမ်း (HTS) ကို ဖွဲ့စည်းရန် သဘောထားတင်းမာသော အခြားအတိုက်အခံ အုပ်စုများနှင့် ပူးပေါင်းလိုက်ပါသည်။ ANF သည် ဆီးရီးယားတွင် အယ်လ်ခိုင်းဒါး၏ အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။
ANF ၏ဖော်ပြချက်အရ ၎င်း၏ရည်မှန်းချက်ပန်းတိုင်မှာ ဆီးရီးယား၏ အာဆတ်အစိုးရအား ဖယ်ရှား၍ ဆွန်နီ အစ္စလမ်နိုင်ငံဖြင့် အစားထိုးရန်ဖြစ်သည်။ ANF သည် ဆီးရီးယား အနောက်မြောက်ပိုင်နက်၏ တစ်စိတ်တစ်ဒေသတွင် စုရုံးနေ၍ အုပ်ချုပ်နေပြီး ထိုနေရာတွင် အတိုက်အခံ အင်အားစုအဖြစ် လှုပ်ရှားနေကာ ဒေသန္တရအုပ်ချုပ်မှုအပေါ် အတိုင်းအတာ အမျိုးမျိုးဖြင့် လွှမ်းမိုးကာ ပြင်ပမှကြံစည်မှု ပြုလုပ်ပါသည်။ ဆီးရီးယားနိုင်ငံတစ်ဝှမ်းတွင် ANF သည် အကြမ်းဖက်တိုက်ခိုက်မှု များစွာကို ပြုလုပ်ခဲ့ပြီး အရပ်သားများကို ပြစ်မှတ်ထားလေ့ရှိပါသည်။
၂၀၁၄ ခုနှစ် မေလ ၁၅ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုသည် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ANF အား ပြည်ပအကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၁၄ ခုနှစ် မေလ ၁၄ ရက်နေ့တွင် နိုင်ငံခြားရေးဌာနသည် နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ ANF အား အထူးသတ်မှတ်ထားသည့် တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့််၊ အမေရိကန်ပြည်ထောင်စု တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ ANF ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားအားလုံးအား ပိတ်ပင်လိုက်ပြီး၊ အမေရိကန် နိုင်ငံသားများအား ANF နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် ANF အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။