IRGC ၏ အဖွဲ့ခွဲတစ်ခုဖြစ်သည့် အစ္စလာမ် တော်လှန်ရေး အစောင့်တပ်ဖွဲ့-ခေါ့ဒ်စ် အင်အားစု (IRGC-QF) သည် ပြည်ပတွင် အကြမ်းဖက်အုပ်စုများကို ပြုစုပျိုးထောင်၍ ပံ့ပိုးရန်အတွက် အီရန်၏ အဓိကယန္တယားဖြစ်ပါသည်။ ၎င်း၏နိုင်ငံခြားမူဝါဒ ရည်များချက်များကို အကောင်အထည်ဖော်ရန်၊ ထောက်လှမ်းရေး လုပ်ငန်းများအတွက် အကာအကွယ်ပေးရန်နှင့် အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်မှု ဖန်တီးရန်အတွက် အီရန်မှ IRGC-QF ကို အသုံးချပါသည်။ ၂၀၁၁ ခုနှစ်တွင် IRGC-QF သည် ၀ါရှင်တန် ဒီစီရှိ အမေရိကန် ပြည်ထောင်စုဆိုင်ရာ ဆော်ဒီသံအမတ်ကြီးအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် တူရကီနှင့် ကင်ညာတို့၌ တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြံစည်သည့်အတွက် IRGC-QF တပ်သားများ ဖမ်းဆီးခံခဲ့ရပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဂျာမဏီနိုင်ငံ၌ အကြမ်းဖက်မှုများ ပြုလုပ်ရန် ကြံစည်မှုတွင် ပါဝင်ပတ်သက်သည့် IRGC တပ်သား ၁၀ ဦးကို ဂျာမဏီနိုင်ငံမှ ဖော်ထုတ်ခဲ့ပါသည်။
၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်တွင်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ IRGC-QF အပါအဝင် IRGC အား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် တွင် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနမှ IRGC-QF အားပံ့ပိုးရန် ၎င်း၏လှုပ်ရှားမှုများအတွက် IRGC အား နိုင်ငံတော်သမ္မတ အမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ IRGC ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား IRGC နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင် တားမြစ်ထားပါသည်။ ထို့အပြင် IRGC အား ပစ္စည်း အထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့် တမင်ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။