အီရန်နိုင်ငံ တရားဝင်စစ်တပ်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည့် အစ္စလာမ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) သည် အီရန်နိုင်ငံရေးပရိယာယ်၏ အဓိကကိရိယာတစ်ခုအဖြစ် အကြမ်းဖက်မှုကိုအသုံးပြုရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ IRGC သည် ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်မှုကို စီစဉ်ခြင်း၊ စည်းရုံးခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်ပါသည်။ အမေရိကန်နိုင်ငံသားများကို သေဆုံးစေသည့် တိုက်ခိုက်မှုများအပါအဝင် အမေရိကန်သားများနှင့် အမေရိကန် ပြည်ထောင်စု၏ အဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်မှုများစွာအတွက် IRGC ၌ တာဝန်ရှိပါသည်။ ၁၉၇၉ ခုနှစ် ဖွဲ့စည်းတည်ထောင်စဉ် ကတည်းက IRGC သည် အီရန်၏ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရ၌ ကြီးမားသည့် အခန်းကဏ္ဍကို ရရှိခဲ့ပါသည်။ ယခုအခါ ဤအုပ်စုသည် အီရန်၏စီးပွားရေးကဏ္ဍ မြောက်မြားစွာအပေါ် ထိန်းချုပ်မှုကို ကိုင်စွဲထားပြီး အီရန်ပြည်တွင်းနိုင်ငံရေး၌ သြဇာရှိပါသည်။
၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ IRGC-ခေါ့ဒ်စ် အင်အားစု အပါအဝင် IRGC အား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။၂၀၁၇ ခုနှစ်တွင် ၎င်း၏ IRGC-QF ပံ့ပိုးရေးလှုပ်ရှားမှုများကြောင့် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ IRGC အား အထူး သတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ IRGC ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား IRGC နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် IRGC အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။