ဟူရပ်စ် အယ်လ်ဒင်း (HAD) သည် ဟားရတ်တားရီး အယ်လ်ရှမ်း (HTS) ထံမှ ဂိုဏ်းအချို့ခွဲထွက်ပြီးနောက် ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ဆီးရီးယား၌ ပေါ်ထွက်လာသော အယ်လ်ခိုင်းဒါးနှင့် ဆက်နွှယ်နေသည့် ဂျီဟတ်အုပ်စုဖြစ်သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ HAD အား အထူး သတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ HAD ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား HAD နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။