ဟာရတ်တားရီးအယ်လ်ရှမ်း (HTS) ကို ၂၀၁၇ ခုနှစ်တွင် အယ်လ်နပ်စရာတပ်ဦး (ANF) နှင့် အခြားအုပ်စုများ ပူးပေါင်းခြင်းဖြင့် ဖွဲ့စည်းခဲ့ပါသည်။ HTS သည် ဆီးရီးယားတွင် အယ်လ်ခိုင်းဒါးနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ၎င်းတို့ကိုယ်တိုင်၏ အစီအစဉ်ကို ရှေ့ဆက်ရန်အတွက် ဆီးရီးယား၏ အာဆတ်အစိုးရအား ဖြုတ်ချ၍ စွန်နီ အစ္စလာမ်နိုင်ငံတော်ဖြင့် အစားထိုးရန် ရည်မှန်းချက်ဖြင့် ဆီးရီးယား အနောက်မြောက် နယ်မြေတစ်စိတ်တစ်ဒေသကို ထိန်းချုပ်ထားပါသည်။ ဤကိုစတင်ဖွဲ့စည်းချိန်ကတည်းက HTS မှ အမေရိကန် နိုင်ငံသားအချို့ကို ငွေဖြင့်ပြန်ရွေးရန် ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါသည်။ HTS သည် ဆီးရီးယား၏ အတိုက်အခံအဖွဲ့မှ သီးခြားရပ်တည်သည့် အစွန်းရောက်အဖွဲ့ဖြစ်ပြီး ဒေသန္တရအုပ်ချုပ်မှုနှင့် ပြင်ပ ကြံစည်မှုများအပေါ် အတိုင်းအတာအမျိုးမျိုးဖြင့် သြဇာလွှမ်းမိုးပါသည်။
ဟာရတ်တားရီးအယ်လ်ၡမ်း (Hayat Tahrir al-Sham –HTS)
အၡေ့အလယ်ပိုင်း - မြောက်အာဖရိကနှင့် အၡေ့အလယ်ပိုင်း