ဂျမားအတ် အူလ်အာရား (JuA) သည် အမေရိကန် ပြည်ထောင်စုမှ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားသော တယ်ရစ်ခေ တာလီဘန် ပါကစ္စတန် (TTP) နှင့် ဆက်စပ်နေသည့် စစ်သွေးကြွ အုပ်စုတစ်စု ဖြစ်ပါသည်။ ယခင် TTP ခေါင်းဆောင် အဘ်ဒူလ်ဝါလီမှ ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော JuA သည် အရပ်သားများ၊ ဘာသာရေး လူနည်းစုများ၊ စစ်တပ်မှ ဝန်ထမ်းများနှင့် ဥပဒေကြီးကြပ်ရေးတို့ကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ပန်ဂျပ် ပြည်ထဲရေးဝန်ကြီး ရှူဂျာခန်ဇာဒါနှင့် ၎င်းကိုထောက်ခံသူ ၁၈ ဦးတို့ သေဆုံးခဲ့သည့် ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်မြို့၌ အသေခံဗုံးဖြင့် တိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သည်ဟု JuA မှ ပြောဆိုခဲ့ပါသည်။ JuA သည် ၂၀၁၆ ခုနှစ် မတ်လအစောပိုင်း၌ ပက်ရှဝါရှိ အမေရိကန် ပြည်ထောင်စု ကောင်စစ်ဝန်ရုံး ဝန်ထမ်းနှစ်ဦးအား သတ်ဖြတ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် JuA သည် ပါကစ္စတန်နိုင်ငံ၊ လာဟောမြို့ ဂူလ်ရှန်းအေ အိခ်ဘားလ် အပန်းဖြေဥယျာဉ်တွင် တစ်ဝက် နီးပါးမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်သော လူ ၇၀ ကျော်သေဆုံးပြီး နောက်ထပ် ရာပေါင်းများစွာ ဒဏ်ရာရခဲ့သော အသေခံတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပါသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ JuA အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ JuA ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား JuA နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။