ဂျမားအတ် နစ္စရတ် အယ်လ်အစ္စလာမ် ၀ါလ်မွတ်စလင်မင် (JNIM) သည် မိမိကိုယ်ကိုယ် မာလီရှိ အယ်လ်ခိုင်းဒါး၏ တရားဝင် အဖွဲ့ခွဲဟု ဖော်ပြခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် အစ္စလာမ် မက်ဂရက်ဘ်ရှိ အယ်ခိုင်းဒါး၏ ဆဟာရအဖွဲ့ခွဲ၊ အယ်လ်မူရာဘီထန်း၊ အန်စာ အယ်လ်ဒင်းနှင့် မစီးနား လွတ်မြောက်ရေးတပ်ဦးတို့မှ JNIM ကိုဖွဲ့စည်းရန် ပူးပေါင်းခဲ့ကြပါသည်။ မာလီ၊ နိုင်ဂျာနှင့် ဘူရ်ကီးနားဖာဆိုတို့တွင် လုပ်ကိုင်သည့် JNIM သည် တိုက်ခိုက်မှုများနှင့် ပြန်ပေးဆွဲမှုများစွာတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ဘာမကိုပြင်ပ၌ အနောက်နိုင်ငံသားများ သွားလေ့ရှိသည့် အပန်းဖြေစခန်း တစ်ခုကို JNIM မှ တိုက်ခိုက်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ ၂ ရက် ၀ါဂဒူးဂူ၌ ညှိနှို်င်းထားသော ကျယ်ပြန့်သည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ စက်တင်ဘာလတွင် JNIM သည် မာလီအလယ်ပိုင်း၌ ခရီးသည်တင် ဘတ်စကားတစ်စီးအောက် မြေမြှုပ်ဗုံးတစ်ခု ဖောက်ခွဲခဲ့ပြီး အရပ်သား ၁၄ ဦးသေဆုံးကာ နောက်ထပ် ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ JNIM အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၅ ရက်က နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ JNIM အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ JNIM ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား JNIM နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင် တားမြစ်ထားပါသည်။ ထို့အပြင် JNIM အား ပစ္စည်း အထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့် တမင်ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။