အမေရိကန်ပြည်ထောင်စုအစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်
ကျွန်ုပ်တို့အကြောင်း
RFJ သည် အဖွဲ့အစည်းအမျိုးမျိုးပူးပေါင်းလုပ်ကိုင်သည့် ဆုငွေအစီအစဉ်ဖြစ်ပြီး၊ ၎င်းကို (22 U.S.C. § 2708 ၌ ပြဋ္ဌာန်းထားသည့်) ၁၉၈၄ ခုနှစ် နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေ၊ ပြည်သူ့ဥပဒေ ၉၈-၅၃၃ အရ ပြုလုပ်ထားသည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး ၎င်းကို နိုင်ငံခြားရေးဌာန၏ သံတမန်ရေးရာ လုံခြုံရေးဌာနမှ စီမံခန့်ခွဲပါသည်။
RFJ ၏လုပ်ငန်းတာဝန်မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရာတွင် အထောက်အကူပြုသည့် သတင်းအချက်အလက်များ ထုတ်လုပ်ရန်ဖြစ်သည်။
၎င်း၏ ၁၉၈၄ ခုနှစ် ပြဋ္ဌာန်းဥပဒေ အာဏာများအရ RFJ ၏ နဂိုမူလ လုပ်ငန်းတာဝန်မှာ အောက်ပါတို့အတွက် သတင်းအချက်အလက်များအတွက် ဆုငွေများ ပေးရန်ဖြစ်သည်
၂၀၁၇ ခုနှစ်တွင် အောက်ပါတို့အတွက် သတင်းအချက်အလက်များအတွက် ဆုငွေများပေးခြင်းကို ထည့်သွင်းရန် ကွန်ဂရက်လွှတ်တော်မှ RFJ ၏ ပြဋ္ဌာန်းချက် ဥပဒေအာဏာကို ပြင်ဆင်ခဲ့ပါသည်-
ဆုငွေပေးဆပ်မှုများသည် ဒေါ်လာ ၁ သန်းအောက်မှသည် ဒေါ်လာ ၂၅ သန်းအထိ ရှိနိုင်ပါသည်။
ယခင်က ဆုငွေပေးခြင်းမရှိခဲ့သော အမှုများအတွက် RFJ မှ ဆုငွေများ ပေးဆပ်နိုင်ပါသည်။
RFJ သည် အစပြုကတည်းက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရာ၌ အထောက်အကူပြုခဲ့သည့် အသုံးဝင်သော သတင်းအချက်အလက်များ ပေးခဲ့သည့် ပုဂ္ဂိုလ် 125 ကျော်အား ဒေါ်လာ သန်း 250 ကျော် ပေးခဲ့ပါသည်။ ဤဦးတည်ကြိုးပမ်းဆောင်ရွက်ချက်များမှ မရေမတွက်နိုင်သော အပြစ်ကင်းသည့် အသက်များကို ကယ်တင်ခဲ့ပါသည်။
၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလတွင် RFJ ၏ ဆုငွေကမ်းလှမ်းချက်ကို တုံ့ပြန်ခဲ့သော သတင်းပေးသူတစ်ဦးမှ ပေးခဲ့သည့် သတင်းအချက်အလက်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ၁၉၉၃ ခုနှစ်၌ ဗုံးခွဲတိုက်ခိုက်ခဲ့သူတစ်ဦးဖြစ်သော ရမ်ဇီယူစွတ်အား ပါကစ္စတန်၌ တွေ့ရှိပြီး ဖမ်းဆီးခဲ့ပါသည်။
RFJ သည် ဖိလစ်ပိုင်နိုင်ငံတွင် အများပြည်သူရှေ့မှောက် ဆုငွေပေးအပ်ပွဲ သီးခြားလေးပွဲ၌ လူပုဂ္ဂိုလ်များအား ဆုငွေများစွာ ပေးအပ်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင်၊ အများပြည်သူရှေ့မှောက် ဆုချီးမြှင့်ပွဲတစ်ပွဲ၌ RFJ သည် စုစုပေါင်း ဒေါ်လာ ၁၀ သန်း ပေးခဲ့ပါသည်။ ဤဆုငွေပေးအပ်ခြင်းသည် ဤအစီအစဉ် စတင်ကတည်းက ဖိလစ်ပိုင်နိုင်ငံတွင် RFJ မှ ပေးခဲ့သည့် အများဆုံး ဆုငွေပမာဏဖြစ်သည်။
အမေရိကန်သံအမတ်တစ်ဦး အပါအဝင် အမေရိကန်လေးဦး သေဆုံးခဲ့သည့် လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန်ပြည်ထောင်စု ယာယီလုပ်ငန်းတာဝန် အဆောက်အဦးနှင့် တိုးချဲ့ဆောင်တို့ကို ၂၀၂၁ ခုနှစ်က တိုက်ခိုက်မှုအား စီမံညွှန်ကြားသည့် အကြမ်းဖက်ခေါင်းဆောင် အာမက်အဘူခတ်တာလာအား ဖမ်းမိပြီး အပြစ်ထင်ရှားတွေ့ရှိစေသည့် သတင်းအချက်အလက် ပေးသူတစ်ဦးအား RFJ မှ ဒေါ်လာ ၃ သန်း ပေးခဲ့ပါသည်။
ပြောပြီးခဲ့သည့်အတိုင်း RFJ သည် ရံဖန်ရံခါ လူသိများသည့် ဆုငွေပေးချေမှုအကြောင်း အကန့်အသတ်ဖြင့် ကြေညာချက်များ ပြုလုပ်ပါသည်။
ကျွန်ုပ်တို့သည် ငွေပေးချေပြီးသည့်အခါ ကွန်ဂရက်လွှတ်တော်ထံ သက်ဆိုင်သူသာ ဖတ်ခွင့်ရှိသော အစီရင်ခံစာတစ်စောင်လည်း ပေးပါသည်။
အောက်ပါသတင်းအချက်အလက်များကို ပေးသူများသည် ဆုငွေရကောင်းရပါမည်-
ယေဘုယျအားဖြင့် အစိုးရအရာရှိများသည် ၎င်းတို့၏တရားဝင်တာဝန်များ ထမ်းဆောင်ချက်၏ ပြင်ပမှ သတင်းအချက်အလက်များ ပေးခြင်း မဟုတ်ပါက ဆုငွေမရနိုင်ပါ။
RFJ ဆုငွေပေးချေခြင်းတစ်ရပ်သည် အပြန်အလှန် ဆင်ခြင်သုံးသပ်ရသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်-
ဆုငွေပမာဏများကို အောက်ပါတို့အပါအဝင်အပြင် အချက်အမျိုးမျိုးပေါ် အခြေခံထားပါသည်- ပေးလိုက်သည့် သတင်းအချက်အလက်၏ တန်ဖိုး၊ ရရှိသည့် သတင်းအချက်အလက်ကြောင့် လျော့ပါးသွားသည့် ခြိမ်းခြောက်မှုအဆင့်၊ ဤခြိမ်းခြောက်မှုကြောင့် အမေရိကန်နိုင်ငံသား သို့မဟုတ် အိုးအိမ်ခြံမြေအပေါ် အန္တရာယ် သို့မဟုတ် ထိခိုက်မှု၏ ပြင်းထန်မှု၊ သတင်းပေးသူနှင့် ၎င်း၏မိသားစုတို့ ရင်ဆိုင်ရသည့် အန္တရာယ်နှင့် သတင်းပေးသူ၏ ပူးပေါင်းဆောင်ရွက်မှု အတိုင်းတာ။ သက်သေထွက်ဆိုချက်အတွက် အလဲအလှယ်အနေဖြင့် ငွေပေးချေခြင်း မပြုပါ။
သတင်းပေးသူတစ်ဦးအား ပေးသည့်ငွေသည် ကြော်ငြာထားသည့် စုစုပေါင်းဆုငွေဒေါ်လာ ပမာဏအထိ မည်သည့်ပမာဏမဆို ဖြစ်နိုင်ပါသည်။
ဟုတ်ကဲ့၊ တရားမျှတမှုအတွက် ဆုငွေများသည် နှစ်များတစ်လျှောက် အယ်လ်ခိုင်းဒါး ခေါင်းဆောင် အိုစားမားဘင်လားဒင်နှင့် ISIS ခေါင်းဆောင် အဘူဘခါး အယ်လ်ဘဂ်ဒါးဒီး အပါအဝင် မသင်္ကာဖွယ်ဖြစ်သူ အမျိုးမျိုးကို ၎င်း၏စာရင်းမှ ဖယ်ရှားခဲ့ပါသည်။
မသင်္ကာဖွယ်ဖြစ်သူများအား ဥပဒေကြီးကြပ်ရေး သို့မဟုတ် လုံခြုံရေး တပ်ဖွဲ့များမှ ထိန်းသိမ်းလိုက်သည့်အခါ၊ သေဆုံးသွားကြောင်း အတည်ပြုထားသည့်အခါ၊ သို့မဟုတ် ၎င်းတို့ အန္တရာယ်မရှိတော့ကြောင်းကို တရားဝင် အရင်းအမြစ်တစ်ခုမှ အခြားနည်းဖြင့် ကြေညာလိုက်သည့်အခါ အပါအဝင် အကြောင်းရင်း အမျိုးမျိုးကြောင့် RFJ စာရင်းမှ ဖယ်ရှားနိုင်ပါသည်။
သတင်းအချက်အလက်ရှိသူများသည် RFJ အား WhatsApp၊ Telegram သို့မဟုတ် Signal မှတစ်ဆင့် (202) 702-7843 ထံ ထိုသတင်းအချက်အကလက်ကို တက်စ်မက်ဆေ့ဂျ် ပို့ရပါမည်။
အနီးဆုံးသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် အနီးဆုံး FBI ရုံးရှိ (ဒေသန္တရ လုံခြုံရေးရုံး) Regional Security Office ကိုဆက်သွယ်၍လည်း ၎င်းတို့၏ သတင်းအချက်အလက်များကို တင်သွင်းနိုင်ပါသည်။
မူပိုင်ခွင့်ကိုညွှန်ပြထားခြင်း မရှိပါက၊ ဤဝက်ဘ်ဆိုက်ရှိ သတင်းအချက်အလက်များကို RFJ ၏ ခွင့်ပြုချက်မပါဘဲ အများပြည်သူမှ ရယူနိုင်ပြီး ပြန်လည်ထုတ်လုပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အသုံးပြုနိုင်ပါသည်။ ဤအချက်အလက်များ၏ အရင်းအမြစ်အဖြစ် RFJ ကို ကိုးကားပြီး၊ ဓာတ်ပုံအတွက် အသိအမှတ်ပြုချက်များ သို့မဟုတ် အမည်ဖော်ပြသည့် စာကြောင်းများတွင်လည်း ဓာတ်ပုံဆရာ သို့မဟုတ် စာရေးသူ သို့မဟုတ် RFJ စသည်ဖြင့် သင့်တော်သလို အသိအမှတ်ပြုရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။
ဓာတ်ပုံ၊ ရုပ်ပြပုံ သို့မဟုတ် အခြားအရာတစ်ခုတွင် မူပိုင်ခွင့်ဖော်ပြထားပါက၊ ဤအရာများကို မိတ္တူကူးရန် ခွင့်ပြုချက်ကို နဂိုမူလ အရင်းအမြစ်ထံမှ ရယူရပါမည်။ ထို့အပြင် ရာဇဝတ် ပြဋ္ဌာန်းချက် 18 U.S.C. 713 အရ ထိုပုဒ်မတွင် ဖော်ပြထားသည့် အချို့သော အခြေအနေများတွင် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်တံဆိပ်ကို အသုံးပြုခြင်းမှ တားမြစ်ထားကြောင်းကို သင်သိရပါမည်။ ထို့ကြောင့် နိုင်ငံတော်တံဆိပ်ကို မည်သည့် အခြေအနေတွင်မဆို အသုံးမပြုမီ ရှေ့နေနှင့် ဆွေးနွေးရန် ကျွန်ုပ်တို့ အကြံပြုပါသည်။
တရားမျှတမှုအတွက် ဆုငွေများ (Rewards for Justice) အဖွဲ့ကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သံတမန်ရေးရာ လုံခြုံရေးဌာန (DSS) မှ စီမံခန့်ခွဲခြင်း ဖြစ်သည်။ DSS ၏တရားဝင် ဝက်ဘ်ဆိုက် https://www.state.gov/rewards-for-justice/ တွင် တရားမျှတမှုအတွက် ဆုငွေများ (Rewards for Justice) အကြောင်း အပိုင်းတစ်ပိုင်း ပါရှိပါသည်။ ထိုစာမျက်နှာသည် လူများ သတင်းပေးချက်များတင်သွင်းရန် RFJ ၏တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် ဤဝက်ဘ်ဆိုက်သို့ တိုက်ရိုက် ပြန်လည် ချိတ်ဆက်ထားပါသည်။
You may choose from multiple platforms and contact us in numerous languages. To process your information efficiently, we ask you to state your information as succinctly as possible, provide your name, location, and preferred language, and upload all relevant files such as photographs, videos, and documents to support your information. An RFJ representative will soon contact you. Please be patient, as RFJ reads every tip we receive.
Please open your Line app to submit a tip. The number is +1 202 702 7843
Please open your Viber app to submit a tip. The number is +1 202 702 7843
Please visit our Tor-based tips-reporting channel at: he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion
သတင်းပေးရန် Signal အက်ပ်ကို ဖွင့်လိုက်ပါ
ထိုနံပါတ်သည် +1 202 702 7843
သတင်းပေးရန် Line အက်ပ်ကို ဖွင့်လိုက်ပါ
ထိုနံပါတ်သည် +1 202 702 7843
သတင်းပေးရန် Telegram အက်ပ်ကို ဖွင့်လိုက်ပါ
ထိုနံပါတ်သည် +1 202 702 7843
သတင်းပေးရန် Viber အက်ပ်ကို ဖွင့်လိုက်ပါ
ထိုနံပါတ်သည် +1 202 702 7843
ကျွန်ုပ်တို့၏ Tor အခြေပြု သတင်းပေးသည့် ချယ်နယ်ကို ကျေးဇူးပြု၍ ၀င်ရောက်ကြည့်ရှုပါ-he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion